ကိုယ်ရေးအချက်အလက် မူဝါဒ
Privacy Policy · 2026-11-11 မှစ၍ အသက်ဝင်သည်
မြန်မာ
Burmese Subtitles (မြန်မာစာတန်းထိုး) သည် YouTube ဗီဒီယိုများ၏ စာတန်း (CC) ကို မြန်မာဘာသာသို့ ပြန်ပေးသော browser extension ဖြစ်ပါသည်။ ကျွန်ုပ်တို့ စုဆောင်းသည့် အချက်အလက်များမှာ ဘာသာပြန်ရန်နှင့် အခမဲ့ အသုံးပြုခွင့်ကို စီမံရန် လိုအပ်သလောက်သာ ဖြစ်ပါသည်။
ကျွန်ုပ်တို့ဆာဗာသို့ ပို့သည့် အချက်အလက်
- စာတန်းစာသား – သင်ကြည့်နေသော ဗီဒီယို၏ စာတန်း (CC) စာသားအပိုင်းနှင့် ယခင်စာကြောင်း အနည်းငယ်ကို ဘာသာပြန်ရန် ပို့ပါသည်။ ဗီဒီယို လင့်ခ် သို့မဟုတ် ID ကို မပို့ပါ။
- ကျပန်း ထည့်သွင်းမှု ID – extension ထည့်သွင်းစဉ် ဖန်တီးသော ကျပန်းနံပါတ်ဖြစ်ပြီး အခမဲ့ အသုံးပြုကာလနှင့် တစ်ရက်ချင်း မိနစ်ကန့်သတ်ချက်ကို တွက်ရန်သာ သုံးပါသည်။ သင့်အမည်၊ အီးမေးလ် သို့မဟုတ် အကောင့်နှင့် မချိတ်ဆက်ပါ။
- လိုင်စင်ကီး – သင်ထည့်သွင်းလျှင်သာ။
- IP လိပ်စာ – ကွန်ရက်ကြောင့် ဆာဗာသို့ ရောက်လာပါသည်။ အလွဲသုံးမှုကို ကာကွယ်ရန် ပြန်မဖော်နိုင်သော hash အဖြစ်သာ ၇ ရက်ကြာ သိမ်းပြီး IP လိပ်စာကိုယ်တိုင်ကို မသိမ်းပါ။
- အသုံးပြုမှု အရေအတွက် – တစ်ရက်လျှင် ဘာသာပြန်ခဲ့သည့် မိနစ်၊ extension ဗားရှင်းနှင့် browser အမျိုးအစား (Chrome/Safari)။
အချက်အလက်များကို အသုံးပြုပုံ
- စာတန်းစာသားကို ဘာသာပြန်ရန် Google ၏ Gemini API (ငွေပေးဝန်ဆောင်မှု) သို့ ပို့ပါသည်။ Google ၏ ငွေပေးဝန်ဆောင်မှု စည်းကမ်းများအတိုင်း ကိုင်တွယ်ပါသည်။
- ဘာသာပြန်ပြီးသား ရလဒ်များကို စာသား၏ hash ဖြင့် 60 ရက်အထိ cache အဖြစ် သိမ်းထားပြီး တူညီသောစာသားကို အခြားသူ ကြည့်သည့်အခါ ချက်ချင်းပြန်ပေးပါသည်။
- ကြော်ငြာ၊ ခြေရာခံခြင်း (tracking) သို့မဟုတ် အချက်အလက် ရောင်းချခြင်း လုံးဝ မပြုလုပ်ပါ။
သင့်စက်ထဲမှာသာ သိမ်းသည့် အချက်အလက်
ဆက်တင်များ (စာလုံးပုံစံ စသည်) နှင့် ဘာသာပြန်ပြီးသား ဗီဒီယိုများကို သင့် browser ထဲတွင်သာ သိမ်းပါသည်။ extension ကို ဖယ်ရှားလိုက်လျှင် ပျက်သွားပါမည်။ ကွန်ပျူတာထဲက ဖောင့်များကို ရွေးချယ်ပါက ဖောင့်အမည်ကိုသာ သင့်စက်ထဲတွင် မှတ်ထားပြီး မည်သည့်နေရာသို့မျှ မပို့ပါ။
သိမ်းဆည်းထားသည့်ကာလ
- တစ်ရက်ချင်း အသုံးပြုမှု မှတ်တမ်း – ၄၀ ရက်
- IP hash – ၇ ရက်
- ဘာသာပြန် cache – 60 ရက်
- ထည့်သွင်းမှု ID မှတ်တမ်း – အခမဲ့ကာလနှင့် လိုင်စင်ကို စီမံရန် လိုအပ်သရွေ့။ ဖျက်ပေးစေလိုပါက ဆက်သွယ်ပါ။
ကလေးများ
ဤဝန်ဆောင်မှုသည် ကလေးများအတွက် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ မည်သူ့ထံမှမျှ ကိုယ်ရေးအချက်အလက်ကို တမင် မစုဆောင်းပါ။
ဆက်သွယ်ရန်
- Email: justicegenerationz@gmail.com
- Facebook Messenger: https://m.me/jurocomputeronline
English
Burmese Subtitles is a browser extension that translates YouTube captions into Burmese. We only handle what is needed to translate and to run the free allowance.
What is sent to our server
- Caption text of the video you are watching, a chunk at a time, with a few previous lines as context. The video's link or ID is not sent.
- A random install ID, created when the extension is installed, used only to count the free trial and the daily minutes. It is not linked to your name, email or any account.
- Your license key, only if you enter one.
- Your IP address reaches the server as part of any connection. To limit abuse we keep only a salted, one-way hash of it, for 7 days; the address itself is not stored.
- Usage counts: minutes translated per day, the extension version and the browser type (Chrome or Safari).
How it is used
- Caption text is sent to Google's Gemini API (a paid service) to be translated, and is handled under Google's terms for paid services.
- Translations are cached for up to 60 days, keyed by a hash of the text, so the same text is not translated twice.
- No advertising, no tracking, and no selling or sharing of data with anyone else. The server is operated by us; Google processes caption text only to translate it.
Stored only on your device
Your settings (subtitle look and so on) and saved translations stay in your browser and are deleted when you remove the extension. If you pick a font installed on your computer, only its name is remembered, on your device.
Retention
- Daily usage records: 40 days
- IP hashes: 7 days
- Translation cache: 60 days
- Install ID records: as long as needed to run the trial and licenses. Contact us to have yours deleted.
Children
The service is not directed at children, and we do not knowingly collect personal information from anyone.
Contact
- Email: justicegenerationz@gmail.com
- Facebook Messenger: https://m.me/jurocomputeronline
Effective 2026-11-11. If this policy changes, the date above changes with it.